• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

by မန်းသားလေး
11 March 2013
in သတင်း
A A
ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

ကာကွယ်ရေးဝန်ကြီးဌာန ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့ ဆွေးနွေးပွဲ ခေတ္တနားချိန် လက်ဘက်ရည်ဝိုင်းမှာ စကားပြောနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

8.1k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့ မတ်လ ၁၁ ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တရားဝင် အပစ်အခတ် ရပ်စဲနိုင်ရေး ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုအဆင့် ၃ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ထူးခြားမှုအနေဖြင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်လာခဲ့ကြပြီး စစ်ရေးကိစ္စများကို အဓိက ထားဆွေးနွေးကြသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
114
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
147
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
476

“တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုအနေနဲ့က ဒီဆွေးနွေးပွဲက ပထမဦးဆုံးပါဘဲ။ သဘောတူချက်ရဖို့အတွက် ဆွေးနွေးနေတုန်းပဲ။ ဒီတစ်ခေါက်က တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ တော်တော်များတယ်။ လောလောဆယ်တော့ Statement ထုတ်ပြန်ဖို့ ကြိုးစားနေတာ။ သဘောတူညီမှုရရှိဖို့အတွက် စာချုပ်ချုပ်နိုင်တဲ့အဆင့် ရောက်ဖို့အတွက် ကြိုတင်သဘောတူညီချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ နားလည်မှုတွေ ဘယ်အတိုင်းတာ ထိရောက်ပြီလဲ။ (မြန်မာ) တပ်ဘက်က ပြောတာက အပစ်ခတ်ရပ်ဆိုင်းတဲ့ စာချုပ်ကို ချုပ်ချင်တယ်။ ကျနော်တို့ဘက်က အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဖို့အတွက် ပြင်ဆင်မှုတွေ လိုတယ်။ တချိန်ချိန်မှာတော့ ရောက်သွားမယ် ထင်ပါတယ်” ဟု ကချင်လွတ်မြောက်ရေးတပ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

ဆွေးနွေးပွဲသို့ မြန်မာ့ တပ်မတော်ဘက်မှ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်တိုင်းမှ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ပါဝင်သည်။

ကချင်ကိုယ်စားလှယ် အဖွဲ့တွင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်လာသော်လည်း စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်တို့ ပါဝင်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်ခင် တပတ်အတွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီဝင် စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီး ဇော်တောင်က
“ထူးခြားတဲ့ တိုက်ပွဲတော့ သိပ်မရှိပါဘူး။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ တပ်စခန်းချင်းနီးနေတော့ သေနတ်နဲ့ အချင်းချင်း ပစ်တာတွေတော့ ရှိတယ်။ မိုင်းဖြစ်စဉ်တွေရှိတယ်။ ပြီးခဲ့တဲ့ ၉ရက်နေ့ လဂျားယန်တပ်စခန်းမှာ မနက် ၉ နာရီလောက်က သုံးကြိမ်လောက် ပစ်တယ်။ ညနေ ၄ နာရီနောက်ပိုင်းမှာ ၄ ကြိမ်လောက် ပစ်ကြတာတွေ ရှိတယ်။ အဲလို ပစ်ခတ်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု ရရှိပြီး နောက်ဆုံး လုံး၀ ငြိမ်းချမ်းသွားတဲ့အထိ အဆင့်ဆင့် ဆွေးနွေးသွားရမယ်။ ဆွေးနွေးသွားရင်းနဲ့ တိုက်ခိုက်မှုတွေ လျော့နည်းသွားမယ်။ စစ်ရှိန်လျော့နည်းသွားမယ်။ ဒီဆွေးနွေးပွဲအနေနဲ့ ကောင်းမွန်တဲ့ ရလာဒ်တွေကို ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဆွေးနွေးပွဲမတိုင်ခင် မြန်မာ့တပ်မတော်ဘက်မှ စစ်အရှိန်တိုးမြင့်မှုများ ပြုလုပ်လျက်ရှိသည်ဆိုသည်နှင့် ပတ်သက်ပြီး “ကျနော်တို့ဘက်က စစ်အင်အား တိုးတယ်ဆိုတာ လောလောဆယ် မရှိသေးပါဘူး။ တပ်ဘက်က တစုံတရာ ပစ်ခတ်မှု မလုပ်သေးဘူး။ စစ်တိုက်တယ်ဆိုတာ ဘယ်သူမှားတယ် မှန်တယ်ဆိုပြီး နှစ်ဖက်လုံးကို ပြောလို့မရပါဘူး။ ကချင်ဘက်မှာလည်း စစ်အင်အားတိုးတယ်ဆိုတာ မရှိပါဘူး။ ရှမ်းမြောက်ဘက်ကိုလည်း စစ်အင်အား တိုးထားတယ်ဆိုတာ မရှိသေးပါဘူး။ ဒါကို တိတိကျကျ မသိဘဲ ဝေဖန်ချက်အနေနဲ့ ထွက်လာတာ ဖြစ်ပါလိမ့်မယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောဆိုသည်။

ကချင်တပ်နှင့် မြန်မာတပ်တို့သည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ တာပိန်ရေအားလျှပ်စစ်စီမံကိန်းအပေါ် အငြင်းပွားခဲ့ရာမှ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လက်ရှိ နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေဖြစ်ရတဲ့အကြောင်းရင်းက အစီရင်ခံစာမှာ ထည့်ထားတဲ့အချက် တချက်ရှိတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်တဲ့ တပ်စခန်းတွေ ကိစ္စပါ။ အဲဒီ တပ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ အဓိကပါ။ ဖေဖော်ဝါရီလ ၄ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ထူးခြားမှုတွေ ရှိလာပါတယ်။ လက်ရှိ စစ်တိုက်တာကို ရပ်ဆဲထားတာ မဟုတ်ပေမယ့် စစ်ရှိန်လျော့ထားတဲ့အနေအထားပါ” ဟု ကချင် ဗိုလ်မှူးကြီး ဇော်တောင်က ဧရာဝတီကို ပြောသည်။

လက်ရှိ ကချင်တပ် ထိန်းချုပ်မှုအောက်တွင် ဒုက္ခသည်ပေါင်း ၇ သောင်းကျော်ရှိပြီး အစိုးရ ထိန်းချုပ်မှုအောက်တွင် ဒုက္ခသည်ပေါင်း ၃ သောင်းကျော်ရှိသည်။

“ကချင်ပြည်နယ် အစိုးရ ကွပ်ကဲမှုအောက်မှာ ရှိတဲ့နေရာတွေမှာ IDP ကန့်ပေါင်း ၁၁၃ ခုရှိပါတယ်။ လူဦးရေ သုံးသောင်းရှစ်ထောင် ရှိပါတယ်။ စစ်ပွဲဖြစ်နေတဲ့ ဒီတနှစ်နဲ့ ၈ လ ရှိနေတဲ့အချိန်မှာ အစစ အရာရာ အဆင်ပြေအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ကန့်အတွင်းမှာရှိတဲ့ ကလေးတွေ အားလုံး ပညာသင်ကြား နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လူစုလူဝေး နေထိုင်တဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်တတ်တဲ့ရောဂါ ယနေ့အချိန်ထိ မဖြစ်သေးပါဘူး။ ခရီးသွားရင်းနဲ့ ဒဏ်ရာရတဲ့ သူတွေနဲ့ ကန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ကချင်ပြည်နယ်ဆေးရုံမှာ ဆေးကုသစရိတ် အကုန် တာဝန်ခံပေးရတယ်” ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလနှင့်၂၀၁၃ ဇန်နဝါရီလများအတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အပစ်အခတ် ရပ်စဲထားရန် သဘောတူညီချက် ရရှိခဲ့ကြသည်။

မတ်လ ၁၁ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြသည်။ ယခုအကြိမ် တွေ့ဆုံမှုသည် ပြည်ထောင်စုအဆင့် ၃ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တွေ့ဆုံမှုအနေဖြင့် ပထမဆုံး ဖြစ်သည်။

Your Thoughts …
Tags: Kachin StatePeace
မန်းသားလေး

မန်းသားလေး

Contributor

Similar Picks:

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
354

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
136

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) / Reuters

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု သို့မဟုတ် အမှားအယွင်းအတွက် တိုက်ပွဲ

by လျူယွန်း
23 January 2017
61.8k

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တရုတ်နိုင်ငံ ပါဝင်စွက်ဖက်ရန် ထပ်တလဲလဲ တောင်းဆိုနေသည့်တိုင် တရုတ်နိုင်ငံတွင် တာဝန်ရှိသည်ဟု မှန်းဆခြင်းက လက်ခံနိုင်သည်ထက် ကျော်လွန်နေပါသည်

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

by သန်းထိုက်ဦး
19 September 2012
5.2k

“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်”

လောက်ကိုင်

တကျော့ပြန် လောက်ကိုင်တိုက်ပွဲနှင့် တရုတ်ပြည်

by ယွန်ဆန်း
19 February 2015
6k

မြန်မာနဲ့ ဆက်ဆံရေး ကောင်းဖို့ တရုတ်က ကြိုးစားနေချိန် တရုတ်-မြန်မာ ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ နယ်စပ်က လူမျိုးစုတွေက ယုံကြည် လုပ်ကိုင်နေကြရင် သူတို့မြင်လိုတဲ့ ဦးတည်ချက်နဲ့ တခြားတဖက်ဆီ တွန်းပို့သလို ဖြစ်မှာ အတိအကျပါပဲ။

Next Post
မတရားအသင်း ဥပဒေ အပေါ် ဝေဖန်မှုများရှိနေ

မတရားအသင်း ဥပဒေ အပေါ် ဝေဖန်မှုများရှိနေ

နိုင်ငံခြားသားများ နေ့စဉ် ငွေထုတ်နိုင်ပြီ

နိုင်ငံခြားသားများ နေ့စဉ် ငွေထုတ်နိုင်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate