မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများ၏ ဒေသတွင်း ဆန်စပါး ဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဆန်စပါး ဈေးကွက် အခြေအနေ၊ သတင်းအချက်အလက်၊ သုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်း ရှိ Park Royal ဟိုတယ်၌ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆန်ပြည်ပတင်ပို့သူများ အသင်း(TREA) မှာ တာဝန်ရှိသူများ၊ ဗီယက်နမ် စားသောက်ကုန် အသင်း (VINA FOOD) မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။