Automobile

ကျောင်းကြိုကား အတိုက်ခံရ၊ ၄၀ ကျော် ဒဏ်ရာရ၊ ကလေး ၁ ဦး သေဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အတွင်းရှိ ဖုတ်ဖရမြို့နယ်တွင် ယမန်နေ့က မြန်မာ အလုပ်သမားများ၏ ကလေးငယ်များ တင် ဆောင်ထားသည့် ကျောင်းကား တစီး ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာ ရရှိသွားသည်။

ဖုတ်ဖရမြို့နယ်ရှိ ကျောင်းသားငယ်များကို တင်ဆောင်၍ စာသင်ကျောင်းသို့အသွား လမ်းခုလပ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်းမှ ကျောင်းဆရာ ဦးထိုက်သူအောင်က ဧရာဝတီသို့ ပြောသည်။

“၄၂ ကီလိုမီတာ ရွာမှာ ရှိတဲ့ ကလေး ၂ ယောက်ကို ဝင်ကြိုရင်း အနောက်က ကားက ကျောင်းကားရဲ့ အနောက်ပိုင်းကနေ ဝင် တိုက်ပြီးတော့ ၂ စီးစလုံး လမ်းဘေးကို လိမ့်ကျသွားတယ်”ဟု ၎င်းက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင် မိခင်နှင့်အတူ လိုက်ပါလာသည့် ၃ လသား အရွယ် ကလေးငယ် တဦး သေဆုံး၍ ဒဏ်ရာပြင်း ထန်စွာရရှိသည့် ကလေးငယ် တချို့ကို မဲဆောက်နှင့် ဖုတ်ဖရမြို့နယ် ဆေးရုံတို့ကို ပို့ဆောင်ထားကြောင်း ကျောင်းဆရာ ထိုက် သူအောင်က ဆက်ပြောသည်။

မဲဆောက်နှင့် ဖုတ်ဖရ ဆေးရုံတွင် ရောက်ရှိနေသည့် ကလေး ၁၀ ဦးခန့်ထဲမှ တချို့မှာ ခြေထောက်ဖြတ်ရမည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိထား သည်။ တချို့ ဒဏ်ရာအနည်းငယ် ရရှိသူများမှာ နေအိမ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း သိရ သည်။

ဦးထိုက်သူအောင်၏ အဆိုအရ အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်းတွင် ဖုတ်ဖရမြို့နယ်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးအများစု စာသင်နေကြပြီး အသက် ၈ နှစ် မှ ၁၃ နှစ် အရွယ်ထိရှိသည်ဟု ဆိုသည်။ ယခု အတိုက်ခံရသည့် ကျောင်း ကား မှာ အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်း သို့ လာသည့် ကားဖြစ်သည်။

ယခု ယာဉ်တိုက်မှုအပြီး တဖက်ကားသမားမှာ ဖုတ်ဖရမြို့နယ် ရဲစခန်းသို့ လာရောက်အဖမ်းခံပြီး ဆေးရုံတင်ထားရသည့် ကလေး ငယ်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ကလေးများကို လိုက်လံ ကူညီပေးနေသည့် ဒေါက်တာ ခင်ဇော်က ပြောသည်။

ကလေးငယ်များ၏ အမှုနှင့် ပတ်သက်၍ တဖက်ကားသမားထံမှ နစ်နာကြေးရရှိရေးနှင့် ထိုင်း ဥပဒေအရ ဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်း(NGO) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆို သည်။

ထိုသို့ တောင်းဆိုမှုများ ပြုလုပ်ရာတွင်လည်း ကလေးများ၌ တရားဝင်နေထိုင်သည့် စာရွက်စာတမ်းများ မရှိသည့် အတွက် အခက် အခဲများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်းလည်း ဦးခင်ဇော်က ဆက်ပြောသည်။

“ပြဿနာက တကယ်လို့ လျော်ကြေးရသွားပြီး အဲဒီလျော်ကြေးတွေ လက်ခံဖို့ မိဘတွေမှာ ပတ်စ်ပို့ ဒါမှမဟုတ် ၁၀ နှစ်ခံ ကတ်တို့လိုမျိုး တယောက်မှ မရှိကြဘူး”ဟု ၎င်းက ပြောဆိုသည်။

ကလေးငယ်များ အတွက် နစ်နာကြေး ရရှိရန် ဥပဒေပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့ တိုင်ပင် ဆွေးနွေးရန် စီစဉ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့နှင့် ကပ်လျက် တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံအတွင်းရှိ မြို့နယ် ၃ ခု တွင် မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမား ပညာရေး ကော်မတီ(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆို သည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသေးသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading