ထိုင်း-မြန်မာ ပူးပေါင်းဆောက်လုပ်နေသည့် အာရှ အဝေးပြေးလမ်းမကြီး စီမံကိန်း လုပ်ငန်းများကို ၂၀၁၄ တွင် အပြီးသတ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အတည်ပြုချက်ကို ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံမှ တဆင့် မြန်မာနယ်စပ် မြဝတီမြို့ကို ဖြတ်၍ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဖြတ် လမ်းမကြီးအတိုင်း အိန္ဒိယနယ်စပ် တမူးမြို့အထိ ချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါလမ်းပိုင်းအတွက် ထိုင်း အစိုးရအဖွဲ့မှ ဘတ် ၁၁၆၆ သန်း ခွင့်ပြုခဲ့ကြောင်း၊ လုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၁ က စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီ ၃၀ တွင် အပြီးသတ်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။