သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ ချစ်ကြည်ရေး ခရီးစဉ်ကို ယနေ့က စတင်ထွက်ခွာသွားသည်။ နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးနှင့် သြစတြေးလျဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ကွင်တင်းဘရိုက်စ် တို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် နယူးဇီလန်တွင် မတ် ၁၃ မှ ၁၇ ရက်နေ့အထိ ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ပြီး မတ် ၁၇ ရက်နေ့တွင် သြစတြေးလျ ဓနသဟာယ နိုင်ငံများသို့ ဆက်လက် ထွက်ခွာကာ ၃ ရက်ကြာ ချစ်ကြည် ရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။