မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွာရာတွင် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ယူရသည့် ပုံစံ(ဂ) သက် သေခံ လက်မှတ်ကို မတ်လ ၁၅ ရက်မှ စ၍ ယူရန် မလိုအပ်တော့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းလက်မှတ် ရယူရာတွင် အချိန်ကြန့်ကြာမှု၊ ငွေကြေးကုန်ကျမှု များကြောင့် ပြည်သူလူထု၏ အခက်အခဲ အတားအဆီးများကို ဖြေလျှော့ ဆောင်ရွက်ပေးသည့် အနေဖြင့် ပြည်ပထွက်ခွာမည့်သူများ အားလုံး(အခွန်ကြွေးကျန် ရှိသူများမှအပ) အခွန်ကင်းရှင်း ကြောင်း သက်သေခံလက်မှတ် ယူရသည့် စနစ်ကို မထားခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။