ဒု သမ္မတ ဦးဉာဏ်ထွန်းသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာဌာန အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan နှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ တိုးတက်စေရေး၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် အကူအညီများ ပေးအပ်နိုင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပြည်သူများ၏ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ Mr. Wang Yingfan သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။