မနက်ဖြန် မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek J Mitchell နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Rick Barton တို့ ကယားပြည်နည်သို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ခရီးစဉ်တွင် သံအမတ်ကြီးနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကယားပြည်နယ်မှ ဒေသခံများနှင့် တွေ့ဆုံကာ ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး ကယားပြည်နယ်၏ ယဉ်ကျေးမှုများကိုလည်း လေ့လာသွားမည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ တွေ့ဆုံ ဆွေးမည့်သူများ စာရင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အပစ်ရပ် အဖွဲ့များ၊ လူငယ်နှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများပါဝင်သည်။ ထိုခရီးစဉ်အတွက် မီဒီယာ များကို ဖိတ်ခေါ်ထားသော်လည်း ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲနှင့် အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံခြင်း အစီအစဉ်များသို့ တက်ရောက်လေ့လာခွင့် ရှိမည် မဟုတ်ဘဲ ကျန်အစီအစဉ် ၄ ခုကိုသာ လေ့လာ သတင်းယူခွင့်ရမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။