ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှ ၃ လအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က စိတ်ကြွဆေးပြား တသိန်းကျော်ကို ဖမ်းဆီး ရမိကြောင်း သိရသည်။ မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့ အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့်တပ်မှ ဒု ဗိုလ်မှူးကြီး ဂျာဟစ် ဟာဆန်က ပြောသည်။ ယခုဖမ်းဆီးရမိမှုများသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စပြီး မတ်လ တတိယ ပတ် အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဖမ်းဆီးရမိမှုများမှာ ကာလတန်ဖိုး ဘင်္ဂလားဒေ့ရှ် နိုင်ငံတာကာငွေ သန်း ၅၀ တန်ဖိုးရှိသည်။ ယခု ၃ လပတ် ဖမ်းဆီးရမိမှုမှာ ယခင် ၃ လပတ်ထက် ပိုများခဲ့ပြီး ယခင် ၃ လပတ်အတွင်း စိတ်ကြွဆေးပြား ၇၀၀၀၀ ကျော်ဖမ်းရမိခဲ့သည်။ ယင်းဆေးပြားများသည် မြန်မာဘက်က သွားသည့် ဆေးများဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။