ရွှေတိဂုံစေတီတော် ဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က အထပ်ဖြင့် ကန့်သတ်ခြင်းအစား အမြင့်ပေဖြင့် မတ်လမှ စတင်၍ ပြောင်းလဲကန့်သတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ သာမန်အားဖြင့် အမြင့်ပေ ၆၂ ပေ အမြင့်အထိ ဆောက် လုပ်ခွင့် ပြုထားပြီး ဓာတ်လှေခါး တပ်ဆင်ပါက ၁၆ ပေ ထပ်တိုးကာ ၇၈ ပေ အထိ ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် သာသနာ့ နယ်မြေများဖြစ်သည့် ရွှေတိဂုံ ဧရိယာနှင့် ဆူးလေ ဧရိယာအနီးတွင် မိုးမျှော်တိုက်များ ဆောက်လုပ်မှုကို ကန့်သတ်ထား ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။