ဒုတိယ ကမ္ဘာစစ်အတွင်းကာလက မြန်မာ့မြေ ပေါ်တွင် ကျဆုံးခဲ့သော အမေရိကန် စစ်သားများ၏ ရုပ်အလောင်း ရှာဖွေရေး လုပ် ငန်းစဉ်များကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း အေပီ သတင်းတရပ်၌ ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်လ ၁၅ ရက် အထိ အဖွဲ့ဝင် ၉ ဦးပါ အမေရိကန် ရှာဖွေရေး အဖွဲ့က ရန်ကုန်မြို့ အပါအဝင် နေရာ ၃ နေရာတွင် ရှာဖွေခြင်း ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို ၂၀၀၄ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး ရှာဖွေသည့် ရုပ်အလောင်းများမှာ ဂျပန် စစ်တပ်ကို တိုက်ခိုက်ရင်း ကျဆုံး သူများ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။