မြန်မာ့ တပ်မတော်(ရေ)က မလေးရှားနိုင်ငံ လန်ကဝီ ကျွန်းတွင် ကျင်းပမည့် LIMA 2013 ၂၀၁၃ ခုနှစ် ၁၂ ကြိမ်မြောက် ရေတပ် ၊ လေတပ် ဆိုင်ရာ စွမ်းရည်ပြပွဲ နှင့် လက်နက်ပစ္စည်းများ ပြသပွဲသို့ သွားရောက်ရန် ရှိကြောင်း သတင်းရသည်။ မတ် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သော ယင်းပြပွဲသို့ မြန်မာရေတပ်မှ လေ့လာရေးအဖွဲ့နှင့် Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola(F-21)တို့ သွားရောက်မည် ဖြစ်ကြောင်း၊ မြန်မာ ကြည်းတပ်နှင့် လေတပ်ကလည်း လေ့လာရေး အဖွဲ့များ လွှတ် မည် ဖြစ်ကြောင်း Myanmar Navy ဖေ့စ်ဘုတ် စာမျက်နှာ၌ ဖော်ပြထားသည်။ Langkawi International Maritime & Aerospace Exhibition (LIMA) အစီအစဉ်ကို ၁၉၉၁ ခုနှစ်မှ စတင်၍ (၂)နှစ် တကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။