သတင်းတို
ဒဲရစ် မစ်ချဲလ် ရန်ကုန်တက္ကသိုလ်တွင် ဟောပြော
This article has been converted from Zawgyi One to Unicode
အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ် သည် မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ဒီပလိုမာ သင်တန်းသား ၁၀၀ ကျော်တို့အား ပထမဆုံး အကြိမ်အဖြစ် ၁၉ ရက်နေ့က ဟောပြောခဲ့ကြောင်း အမေရိကန် သံရုံးထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ တက္ကသိုလ် တခု၌ ဟောပြောခြင်းသည် သံအမတ်အဖြစ် စတင်တာဝန်ယူ ခဲ့ချိန် ၂၀၁၂ ခုနှစ် ဇွန်လမှ ယခု အချိန်အထိ ပထမဆုံး လာရောက်ကာ တွေ့ဆုံဟောပြောမှုလည်း ဖြစ်သည်။ ၎င်းက ဟောပြောရာတွင် အမေရိကန် အစိုးရ၏ အာရှ-ပစိဖစ် ဒေ သတွင်းအပေါ် ထားရှိသည့် မူဝါဒနှင့် တောင်အာရှ ဒေသနှင့် အရှေ့တောင် အာရှ ဒေသတွင် မြန်မာနိုင်ငံသည် အရေးပါသော ပေါင်း ကူးသဖွယ် အခြေအနေများအကြောင်း ထည့်သွင်း ဟောပြောခဲ့သည်။ ဟောပြောအပြီး အမေး၊ အဖြေ ကဏ္ဍလည်း ပြုလုပ်ကြောင်း သိရသည်။