• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လယ်မြေ သိမ်းဆည်မှုများ ဥပဒေနှင့် မညီကြောင်း ဆက်လက် ဖော်ထုတ်

by ခင်ဦးသာ
20 March 2013
in သတင်း
A A
လယ်မြေ သိမ်းဆည်မှုများ ဥပဒေနှင့် မညီကြောင်း ဆက်လက် ဖော်ထုတ်

စစ်တပ်ပိုင်မြေအဖြစ် ဆိုင်းဘုတ်တပ်ထားသည့် မြေယာတခုကို မြင်ရစဉ် (ဓာတ်ပုံ – နိုင်စွမ်း / ဧရာဝတီ)

4.1k
VIEWS
Share on FacebookShare on Twitter

အစိုးရစစ်တပ် အပါအဝင် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ရယူထားသည့် လယ်မြေယာကိစ္စများတွင် ဥပဒေနှင့် မညီသည့် လုပ်ရပ်အများအပြားကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

တနိုင်ငံလုံးတွင် သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ် ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား နှစ်ပိုင်းခွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ ယခု သီတင်းပတ်အတွင်း တင်သွင်းပြီးနောက် ဥပဒေနှင့်မညီသည့် ကိစ္စရပ် အများအပြား တွေ့ရှိရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
58
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
50
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
636

“လှှိုင်သာယာက FMI City တည်ဆောက်ထားတာတွေ၊ ပန်းလှှိုင်ဂေါက်ကွင်း တည်ဆောက်ထားတာတွေဟာ လန-၃၉ မကျဘဲ လုပ်ဆောင်ထားတာတွေ ထွက်ပေါ်လာတယ်။ ဒါတွေဟာ ဥပဒေကြောင်းအရ ဘယ်လိုမှ တရားမဝင်တဲ့ လုပ်ရပ်တွေပါ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။

အစီရင်ခံစာ၏ အပိုင်း (၁) သည် စစ်တပ်မှ သိမ်းယူထားသည့် မြေယာများအတွက် အစီရင်ခံစာ ဖြစ်ပြီး အပိုင်း (၂) သည် စက်မှုဇုန် စီမံကိန်းများ၊ မြို့ရွာဖွံ့ဖြိုးရေး စီမံကိန်းများအတွက် မြေယာများ သိမ်းယူထားမှုများအတွက် အစီရင်ခံစာဖြစ်သည်။ အဆိုပါ အစီရင်ခံစာ နှစ်စောင်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ တဝန်းမှ သိမ်းယူထားသည့် လယ်မြေများတွင် စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေဧက ၂ သိန်းကျော် (၂၄၇၀၇၇၃ ဒသမ ၀၆ ဧက) နှင့် စက်မှုဇုန်များ၊ မြို့ရွာဖံွံ့ဖြိုးမှုအတွက် သိမ်းယူထားသည့် လယ်မြေဧကမှာ ၁ သိန်းကျော် (၁၁၇၈၃၄ ဒသမ ၁၉ ဧက) တို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းမှ ရွှေပြည်သာ၊ လှှိုင်သာယာ၊ ထန်းတပင်၊ သံလျှင်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်၊ တိုက်ကြီး စသည့် မြို့နယ်များတွင် မြို့ရွာတည်ဆောက်ရေး စီမံကိန်းအတွက် ဟုဆိုကာ လယ်မြေ ဧက သောင်းချီ၍ သိမ်းယူထားသော်လည်း လက်တွေ့တွင် မည်သည့် စီမံကိန်းမျှ ဆောင်ရွက်ထားသည်ကို မတွေ့ရကြောင်း၊ အသုံးမပြုသည့် လယ်မြေများကို မူလပိုင်ရှင် လယ်သမားများထံ ပြန်လည်ပေးရန် လိုအပ်ကြောင်း၊ အမှန်တကယ် အသုံးပြုမည့် လယ်မြေများကိုလည်း ထိုက်တန်သည့် လျှော်ကြေးများပေးရန် လွှတ်တော်က အစိုးရ အာဏာပိုင်များကို တိုက်တွန်းထားကြောင်း လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

“မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ စက်မှုဇုန် စီမံကိန်းအတွက် သိမ်းထားတဲ့ လယ်မြေကိစ္စတွေမှာ ဥပဒေနဲ့ မညီတာတွေ တွေ့ရသလို စစ်တပ်က သိမ်းထားတဲ့ လယ်မြေသိမ်းမှုတွေမှာလည်းပဲ ဥပဒေနဲ့ လုံး၀ ဆန့်ကျင်နေတဲ့ ကိစ္စတွေ အများအပြား တွေ့ရတယ်”ဟု ရှေ့နေတဦးလည်း ဖြစ်သူ ဦးဘရှိန်က ဆိုသည်။

ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ နှစ်စောင်သည် စစ်တပ်၊ မြို့ပြဖွံ့ဖြိုးမှု၊ စက်မှုဇုန် စီမံကိန်းများ စသည်ဖြင့် အမျိုးအစား ၃ ခုအတွက် အစီရင်ခံစာဖြစ်ပြီး မီးရထားလမ်း စီမံကိန်းနှင့် တခြား လုပ်ငန်းအမျိုးအစား ၂ ခု အတွက် သိမ်းဆည်းထားသည့် လယ်မြေများကိစ္စ အစီရင်ခံစာလည်း ထပ်မံတင်သွင်းရန် ရှိသေးကြောင်း သိရသည်။

အသုံး မပြုသည့် လယ်မြေများအား မူလ လယ်သမားများထံ ပြန်ပေးရန် တိုက်တွန်းထားသော်လည်း မြို့ပြဖွံ့ဖြိုးမှုနှင့် စက်မှုဇုန်များအတွက် သိမ်းထားသည့် လယ်မြေများမှာ ပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

လယ်ယာမြေ သိမ်းဆည်းမှု ကိစ္စသည် ခက်ခဲသိမ်မွေ့ပြီး ရှှုပ်ထွေးသော ပြဿနာ ဖြစ်သည့်အတွက် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များနှင့် အညီ တိကျမှန်ကန်စွာ လိုက်နာ၍ တောင်သူလယ်သမားများ၏ ဘဝကို စာနာ နားလည်မှုဖြင့် နစ်နာမှု မရှိအောင် ဖြေရှင်း ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်ကလည်း လွှတ်တော်တွင် ပြောဆို ဆွေးနွေးခဲ့သည်ဟု သိရသည်။

လွှတ်တော်သို့ တင်သွင်းသည့် လယ်ယာမြေ အစီရင်ခံစာ၌ စစ်တပ်မှ သိမ်းထားသော လယ်မြေများအနက် စစ်တပ်အတွက် အမှန်တကယ် လိုအပ်သည့် မြေကိုသာ ယူပြီး အသုံးမပြုသည့် လယ်မြေများကို မူလပိုင်ရှင် တောင်သူလယ်သမားများထံ ပြန်လည်ပေး အပ်ရန် ပြောဆိုထားကြောင်း၊ စစ်တပ်အတွက် အသုံးပြုမည့် လယ်မြေကိုလည်း ကာလ ပေါက်ဈေးအတိုင်း လျှော်ကြေးငွေ ပေးဆောင်ရန် အစိုးရ အာဏာပိုင်များကို လွှတ်တော်က တိုက်တွန်းထားကြောင်း၊ အစိုးရ ဌာနများအနေဖြင့် လိုက်နာမှု ရှိ မရှိကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။

လယ်ယာမြေ သိမ်ဆည်းမှု ပြဿနာသည် ယခင် နဝတ၊ နအဖ အစိုးရ လက်ထက် နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်း သိမ်းယူထားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုပြဿနာသည် တနိုင်ငံလုံးတွင် ဖြစ်ပွားနေဆဲဖြစ်၍ အချိန် ကာလတခု အထိ အချိန်ယူ ဖြေရှင်း ဆောင်ရွက်ရမည်ဟု ကိုယ်စားလှယ်များက ဆိုသည်။

“လယ်မြေသိမ်းမှု ကိစ္စဟာ အတော့်ကို ရှှုပ်ထွေးနေတဲ့ ပြဿနာဆိုတော့ ဖြေရှင်းနိုင်ဖို့ အချိန်ကာလ တခုတော့ ကြာဦးမှာပါ။ နှစ်ပေါင်း ၂၀ ကျော် လုပ်ချင်သလို လုပ်ထားတာ ချက်ချင်းတော့ ဖြေရှင်းလို့ မရသေးဘူး” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

စစ်တပ်အတွက် အသုံးပြုရန် သိမ်းထားသည့် လယ်ယာမြေ ဧက ၂ သိန်းကျော်အပြင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း၊ ရွှေ သဘာ၀ ဓာတ်ငွေ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းနှင့် အစိုးရ၏ စီမံကိန်းလုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက စီးပွားရေး စီမံကိန်းလုပ်ငန်းများ စသည့်တို့ အကောင်အထည် ဖော်ရန် သိမ်းဆည်းထားသည့် လယ်မြေများအတွက် ထိုက်တန်သည့် လျှော်ကြေးငွေ ရလိုမှု ပြဿနာ၊ မိမိတို့လယ်မြေများ ပြန်လည်ရယူလိုသည့် တောင်းဆို ဆန္ဒပြမှုများသည် ဦးသိန်းစိန် အစိုးရ အာဏာရသည့် အချိန်မှစတင်ခဲ့ပြီး ယနေ့အထိ ပြဿနာပေါင်းစုံ ဖြစ်ပွားနေဆဲ ဖြစ်သည်။

Your Thoughts …
Tags: Land ConfiscationPyihtaungsu HluttawRule of Law
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
FEC ရုပ်သိမ်းမည်

FEC ရုပ်သိမ်းမည်

မျက်မမြင်တွေ အတွက် သင်တန်းကျောင်း (ရုပ်/သံ)

မျက်မမြင်တွေ အတွက် သင်တန်းကျောင်း (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate