သတင်းတို

လက်ပံတောင်း မြေလျော်ကြေး သိန်း ၉ ထောင်ကျော်အထိ ပေးအပ်ပြီး

This article has been converted from Zawgyi One to Unicode

လက်ပံတောင်း ကြေးနီစီမံကိန်း လယ်မြေသိမ်းခံ ဒေသခံများအား လျော်ကြေးငွေများကို ကာလပေါက်ဈေးဖြင့် ပေးလျက်ရှိရာ မတ်လ ၁၆ ရက်မှ ၁၉ ရက်အတွင်း ကျေးရွာအုပ်စု ၆ စုတွင် လျော်ကြေးငွေ ကျပ် ၉၅၈၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ လက်ပံတောင်တောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အကြံပြုချက်အတိုင်း လယ်အမျိုးအစားအလိုက် တဧကလျှင် ၁၅ သိန်းမှ တဧကလျှင် ၅ သိန်းအထိ လျော်ကြေးပေးကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

Loading