သတင်းတို

နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် အကောင်အထည် ဖော်ရေး စည်းဝေး

This article has been converted from Zawgyi One to Unicode

နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ပေးရေး အကောင်အထည်ဖော်ရန် အစည်းအဝေးကို ယနေ့ နေ့လည်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ကျင်းပကြောင်း သိရသည်။ အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒု ဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက်ကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက PR စနစ် အကောင်အထည် ဖော်ရေးအပေါ် ဝန်ကြီးဌာနများ၏ သဘောထား၊ လျှောက်လွှာပုံစံနှင့် ပါဝင်သင့်သည်များကို ဆွေးနွေးကြောင်း မြဝတီ သတင်းဌာနက ဖော်ပြထားသည်။

Loading