မန္တလေးတိုင်း၊ မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်း ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်က မိတ္ထီလာတွင် ဖြစ်ပေါ်နေသည့် မတည်မငြိမ်မှုကို ယနေ့ မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုများနှင့် အိုးအိမ်ပျက်ဆီးမှုများ အတွက် စိုးရိမ်ကြောင်း ပြောဆိုထားသည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်အိုးအိမ် စည်းစိမ် ပျက်ဆီးဆုံးရှုံးသွားသူများ၏ မိသားစုများအတွက် များစွာ ဝမ်းနည်း စာနာမိကြောင်းနှင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ မိတ္ထီလာမြို့တွင် ယမန်နေ့က ရွှေထည်ပစ္စည်း အရောင်းအဝယ်လုပ်ရာတွင် အငြင်းပွားရာမှ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် လူအုပ်စုနှင့် အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယမန်နေ့ည ၉ နာရီခွဲက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ယနေ့ နံနက်ထိ သေဆုံးသူ ၅ ဦး ထိရှိပြီး အတွင်းလူနာအဖြစ် ၂၄ ဦးရှိကြောင်း မီးလောင်မှုဖြစ်စဉ်များတွင် သေဆုံးသူ ဆယ်ဂဏန်းအထိ ရှိနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။