သတင်း

ထိုင်းရှိ မြန်မာ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ရရေး ကြိုးပမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိိုင်းနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ထောင်ဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် မြန်မာ အစိုးရက ကြိုးပမ်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနှင့် ပြစ်ဒဏ်လျော့ပေါ့ခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၊ တရား ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာများမှ တဆင့် ထိုင်းနိုင်ငံ ဘုရင့်တော်ဝင်နန်းတော်ကို တင်ပြနိုင်ရန် စီစဉ်နေကြောင်း ပြည် ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြောသည်။

“ဘုရင့်တော်ဝင် နန်းတော်ရဲ့ အတည်ပြုချက် ကိုရယူပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့် တရားဝင်အမိန့်များ ထုတ် ပြန်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွတ်တော်အစည်းအဝေး၌ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသားများ ကိစ္စ နှင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မေးမြန်းခဲ့ရာ ရဲချုပ် ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရအနေနှင့် ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး အပါအဝင် ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ကူညီစောင့်ရှောက်ခွင့်များ ရရှိရေးတို့ကို ထိုင်းဥပဒေအရ သံတမန် နည်းလမ်းအတိုင်း ကူညီဆောင် ရွက်လျက်ရှိကြောင်း ရဲချုပ် ကျော်ကျော်ထွန်းက ဆက်ပြောသည်။

ထိုင်း ဘုရင်နှင့် မိဖုရားတို့၏ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရရှိရေးအတွက် ထောက်ခံစာပြုလုပ်ပေးခြင်း၊ ထောင်ပြောင်းရွှေ့လိုသည့် အကျဉ်းသားများအား ထောက်ခံချက် ပြုလုပ်ပေးခြင်း၊ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း ထောက်ခံစာများပြုလုပ်ပေးခြင်း တို့ကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးအောင်ကျော်လင်းက ထိုင်းနိုင်ငံတွင် ထောင်ကျနေသည့် မြန်မာနိုင်ငံသားများ ထဲတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုအများဆုံး ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိချက်အရ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား ၃၄၀၀ ခန့်ရှိကြောင်း၊ လူဦးရေ စာရင်းအတိအကျ ရရှိရန် ထိုင်းအာဏာပိုင်းများထံ တောင်းဆိုထားရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“လူဦးရေ စာရင်းတောင်းထားတယ်၊ နောက် ထောင်တွေကိုလည်း စာပို့တယ်၊ ဖက်စ်တွေနဲ့လည်း ပို့တယ်၊ ကျနော်တို့ အုပ်ချုပ်ရေး ပိုင်းမှာ အမှားတခုတော့ ရှိမယ်ထင်တယ်”ဟု ဦးအောင်ကျော်လင်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံ အနေနှင့် ထိုင်းဘုရင်နှင့်မိဖုရား တို့၏ မွေးနေ့များတွင် ထိုင်းနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံနေရ သူများကို ပြစ်ဒဏ်များလျှော့ပေါ့ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် တို့ကို ပေးခြင်း ရှိသကဲ့သို့ မြန်မာ အစိုးရကလည်း ပစ်ဒဏ် ကျခံ ထားရ သည့် ထိုင်းနိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း သိရသည်။

ထိုင်း ဘုရင်နှင့် မိဖုရားများ၏ မွေးနေ့များသည် ဒီဇင်ဘာ ၅ ရက်နှင့် သြဂုတ်လ ၁၂ ရက်နေ့တို့ဖြစ်သည်။ မြန်မာနိုင်ငံ သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များအရ ပြန်လွှတ်ပေးခဲ့သော ထိုင်းနိုင်ငံသား အကျဉ်းသား အမျိုးသမီးနှင့် အမျိုးသား ၁၀၂ ဦးတို့ကို လွှတ်ပေးပြီး ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တွင် နယ်မြေ ကျူးကျော်မှုဖြင့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဖမ်း ဆီး၍ ထောင်ဒဏ်ချမှတ်ခဲ့ရာ အားလုံးနီးပါးကို မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြန်လွှတ်ပေးခဲ့သည့် ထိုင်းနိုင်ငံသားများသည် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရာဘာပင် စိုက်ပျိုးရန် လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး မြန်မာ စစ်တပ် က ဖမ်းဆီး၍ ပစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading