FEC (Foreign Exchange Certificate) ငွေလက်မှတ် လက်ဝယ်ရှိသူများ ဆုံးရှုံးနစ်နာမှု မရှိစေရန် ဖျက်သိမ်းမည့် သတ်မှတ်ကာလကို တိုးမြှင့်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့ နေ့စွဲဖြင့် ကြေညာလိုက်သည်။ ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော FEC ကို ဖျက်သိမ်းရာတွင် ၁-၄-၂၀၁၃ ရက်နေ့ အစား ၃၀-၆-၂၀၁၃ ရက်နေ့သို့ လည်းကောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် ၁-၇-၂၀၁၃ ရက်နေ့အစား ၃၁-၃-၂၀၁၄ ရက်နေ့သို့ လည်းကောင်း အပ်နှံလဲလှယ်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။