သတင်းတို

လှည်းတန်းလမ်းဆုံ ဂုံးကျော် တံတား ဧပြီတွင် ဖွင့်မည်

This article has been converted from Zawgyi One to Unicode

၂၀၁၂ ခုနှစ် မတ်လက စတင် တည်ဆောက်ခဲ့သည့် လှည်းတန်းလမ်းဆုံ ဂုံးကျော် တံတား တည်ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးပြီ ဖြစ်သည့်အတွက် ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်မှ စတင်ကာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အရှည် ၂၅၀၇ ပေ၊ အကျယ် ၉၈ ပေ ၈ လက်မနှင့် အမြင့် ၁၈ ပေရှိသော အဆိုပါ ဂုံးကျော်တံတားကို စင်ကာပူမှ T.Y. Lin ကုမ္ပဏီက ရေးဆွဲပေးကြောင်း၊ သံထည်ပစ္စည်းများကို အင်ဒိုနီးရှားနှင့် တောင်ကိုးရီးယား နိုင်ငံတို့မှ မှာယူသုံးပြုခဲ့ပြီး ဂျပန်ပညာရှင်များက ကြီးကြပ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာနှင့် ရွှေတောင် ဖွံ့ဖြိုးရေး ကုမ္ပဏီတို့က တည်ဆောက်ခဲ့ကြောင်း သိရသည်။

Loading