သတင်းတို

မိထီ္တလာမြို့ပေါ် အိမ်များတွင် ပိတ်မိနေသူများကို ကယ်တင်ရန် စတင်ကြိုးပမ်း

This article has been converted from Zawgyi One to Unicode

မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်အတွင်း နေအိမ်များတွင် ပိတ်မိနေသော သူများကို ကယ်တင်ရန် စတင်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။ “ နေအိမ်တွေမှာ ပိတ်မိနေတာတွေ ရှိတယ်။ အဲဒါကို အခု လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်ဖို့ အစီစဉ်တွေ စနေပြီ။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကြည့်ပြီး ရှာကြမှာ ” ဟု ၎င်းက ဆိုသည်။ ယနေ့နောက်ဆုံးအခြေအနေအရ ဓါး၊ တုတ်၊ လက်နက်ကိုင်များကို လုံခြုံရေး ရဲတပ်ဖွဲ့မှ လိုက်လံ သိမ်းဆည်း နေပြီး ပစ္စည်းများ သယ်ယူကြသူများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

Loading