ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတဆင့် လှူဒါန်းကြောင်း သိရသည်။ သံအမတ်ကြီး မီကီအို နုမာတာ က နေပြည်တော်တွင် WFP သို့ လှူဒါန်းခြင်း ဖြစ်သည်။ WFP မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကားလို့စ် ဗယ်လိုဆိုက ဂျပန်၏ ထောက်ပံ့လှူဒါန်းငွေသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်နှင့် ကချင်ပြည်နယ်ကဲ့သို့သော ဒေသများရှိ ဒုက္ခသည် ၂ သိန်းခွဲအတွက် ၆ လစာ ရိက္ခာ ဖူလုံစေမည်ဟု DPA သတင်းဌာနသို့ ပြောဆိုထားသည်။ ယမန်နှစ်တွင်လည်း ဂျပန်က စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက် မြန်မာသို့ ဒေါ်လာ ၁၀ သန်း လှူခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။