သတင်းတို

ဆူပူအကြမ်းဖက် မီးရှို့မှု၌ ပါဝင်ပတ်သက်သူများ ဖမ်းဆီးအရေးယူ

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း မိတ္ထီလာမြို့ နှင့် လယ်ဝေးမြို့နယ်၊ ရမည်းသင်း မြို့နယ်များ၌ ဆူပူအကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုများတွင် ပါဝင် ပတ် သက် သည်ဟု ယူဆရသူများကို အာဏာပိုင်များက ဖမ်းဆီးအရေး ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မိတ္ထီလာမြို့မှ ၁၃ ဦးကို မတ် ၂၂ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အလားတူ ရမည်းသင်း မြို့နယ်မှ ၁၇ ဦးကိုလည်း မတ်လ ၂၄ ရက်က ဖမ်းဆီးထိန်းသိမ်း ထားကြောင်း၊ လယ်ဝေးမြို့နယ်၌ ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၁၀ ဦးအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Loading