သတင်းတို

ကရင်နီ ဒုက္ခသည် စခန်း မီးလောင်၊ ၃၆ ဦး သေဆုံး

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည် စခန်း သောကြာနေ့က မီးလောင်ရာတွင် လူ ၃၆ ဦး သေဆုံးပြီး ၂၃၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။ လူ ၂၀ ၊ ၃၀ ခန့် ဒဏ်ရာ ရရှိပြီး ၅ ဦးခန့် ဒဏ်ရာ ပြင်းထန်ကြောင်း၊ ၁ ဦး ပျောက်ဆုံးနေပြီး ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာာမင်းကြီးရုံး(UNHCR)နှင့် အခြားသော ဒုက္ခသည် ဆိုင်ရာ အဖွဲ့များက အကူအညီများ ပေးနေကြောင်း AP သတင်း တပုဒ်တွင်လည်း ပါရှိသည်။

Loading