သတင်းတို

ဂျပန် နစ်ဆန်း ကုမ္ပဏီ မြန်မာ ၌ ကားအပိုပစ္စည်း ထုတ်လုပ်ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

ဂျပန် နစ်ဆန်းကုမ္ပဏီသည် ၂၀၁၁ ခုနှစ်က ကား အပိုပစ္စည်း အစိတ်အပိုင်းများနှင့် ဝန်ဆောင်မှု စင်တာ ဖွင့်လှစ်ခဲ့ပြီး နောက် ယခု အခါ ကား အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ဂျပန် စီးပွားရေး ဖက်ဒရေးရှင်းနှင့် မြန်မာနိုင်ငံ ကုန်သည် /စက်မှု အသင်းချုပ်(UMFCCI) တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလက သဘော တူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လက်ရှိတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၂ နိုင်ငံမြောက် အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံ တခု ဖြစ်ပြီး ၂၀၁၅ ၌ အကြီးမားဆုံး ကုန်သွယ်မှု ငါးနိုင်ငံ စာရင်းတွင် ပါဝင်လာမည် ဖြစ်သည်ဟု ဆိုသည်။

Loading