ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ခရိုင် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံး မတ်လ ၂၃ ရက်နေ့က မီးလောင်ရာတွင် မှတ်တမ်း စာရွက် စာတမ်း အများအပြား မီးထဲ ပါသွားကြောင်း သိရသည်။ ည ၈ နာရီကျော်ခန့်တွင် စတင် လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံများ ပျက်စီးမှု မရှိသော်လည်း စာရွက်စာတမ်း အကုန်လိုလို လောင်ကျွမ်းသွားကြောင်း လဝကရုံး ဝန်ထမ်းတဦးကပြောသည်။ မည်သည့် အတွက်ကြောင့် မီးလောင်ကျွမ်းသည်ကို မသိရသေးကြောင်း ၎င်းကဆိုသည်။ သံတွဲခရိုင်အတွင်း သံတွဲ၊ တောင်ကုတ်၊ အမ်းနှင့် ဂွ မြို့နယ်များ ပါဝင်သည်။ ယခုနှစ်အတွင်း သံတွဲ ခရိုင်လဝကရုံး မီးလောင်ကျွမ်းမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဒီလအစောပိုင်းကလည်း ပုံဏ္ဏားကျွန်း အထက ကျောင်းတွင် မီးလောင်ကွမ်းမှု တခုဖြစ်ပွားမှုကြောင့် စာသင်ဆောင် ၃ ဆောင်ပျက်စီး ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။