သတင်းတို

ရန်ကုန်တွင် အစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ထိုင်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္နူဘာသာ တို့မှ ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ထိုင်နေကြောင်း သတင်းရရှိသည်။ မကြာသေးမီ ရက်ပိုင်းက မိတ္ထီလာမြို့တွင် ဆူပူအကြမ်းဖက် သတ်ဖြတ် မီးရှို့မှုများ ဖြစ်ပြီးနောက်ပိုင်း မိတ္ထီလာမြို့နှင့် အနီးတဝိုက်ကို သမ္မတ ဦးသိန်းစိန် အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း ကောလဟာလ လွှင့်ထုတ်မှုများသည် ရန်ကုန်တိုင်း အတွင်းသို့ပါ ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်၍ မလိုလားအပ်သည့် အခြေအနေများ၊ မတည်ငြိမ်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ယခုကဲ့သို ရန်ကုန်တိုင်း အစိုးရက အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

Loading