ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန်ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။ ”ပုဒ်မ ၁၈၈ ထုတ်တယ်ဆိုတာ မဟုတ်ပါဘူး။ လိုအပ်ရင် ထုတ်ဖို့ စီစဉ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။လုံး၀ မထုတ်ရ သေးပါဘူး”ဟု ၎င်းက ဆိုသည်။ ပုဒ်မ ၁၈၈ သည် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရေးပေါ်အခြေအနေများ မဖြစ်ပေါ်ရန် ကြိုတင်တားဆီးသည့်အနေဖြင့်ထုတ်ပြန်လေ့ရှိသော ပုဒ်မတစ်ခုဖြစ်ပြီး ပြည်သူ့ဝန်ထမ်း၏ အမိန့်ကို မနာခံမှုအပေါ် အရေးယူ ဆောင်ရွက်နိုင်သော ပုဒ်မတစ်ခု ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။