သတင်းတို

သတင်းသမားများ အကာအကွယ်ပေးရန် အစိုးရကို တောင်းဆို

This article has been converted from Zawgyi One to Unicode

မြန်မာ အစိုးရအနေနှင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ၌ သတင်းယူနေသည့် သတင်းသမားများအတွက် လုံခြုံရေး အကာ အကွယ်ပေးရန် အမေရိကန်နိုင်ငံ အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး အဖွဲ့(CPJ) က ထုတ်ပြန်လိုက်သည်။ ပြီးခဲ့ သည့် တပတ်အတွင်းက မန္တလေးတိုင်း မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် အကြမ်းဖက်မီးရှို့ သတ်ဖြတ်မှု ဖြစ်စဉ်များကို သတင်း ယူသည့် သတင်းသမားများ ခြိမ်းခြောက်ခံရကြောင်း၊ သံဃာတော် တချို့ဦးဆောင်သည့် လူအုပ်စု တစုက လမ်းပေါ်တွင် သတင်းသမားများကို တားမြစ်ပြီး ကင်မရာထဲမှ ဓာတ်ပုံများ ဖျက်ခိုင်းခြင်း၊ ကင်မရာ သိမ်းရန်ကြိုးပမ်းခြင်းများ စသည့် ခြိမ်းခြောက်ခံရမှုများနှင့် ပတ် သက်ပြီး AP , DVB , RFA ၊ ဧရာဝတီ သတင်း ဌာနများ၏ သတင်းဖော်ပြချက်များအရ သိရှိရကြောင်း CPJ ၏ ယမန်နေ့က ထုတ်ပြန် ချက်၌ ပါရှိသည်။

Loading