အစိုးရက ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်အတွက် သတင်းစာ ၈ စောင်ကို ထပ်မံ ခွင့်ပြုလိုက်သည်။ The Daly Eleven ၊ စံတော်ချိန် ၊ ခေတ်သစ် နေ့စဉ်၊ ရန်ကုန်တိုင်းမ် ၊ မြန်မာဓိက ၊ ဒီလှိုင်း ၊ ပြည်ထောင်စု အသံ၊ ၇ ရက်နေ့စဉ် စသည့် အမည်များဖြင့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့မှ စိစစ် ခွင့်ပြုလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ဖေဖော်ဝါရီလအတွင်း ကလည်း ပုဂ္ဂလိက သတင်းစာ ၈ စောင်ခွင့်ပြုပြီးဖြစ်ရာ စုစုပေါင်း သတင်းစာ ၁၆ စောင် ရှိပြီ ဖြစ်သည်။ ယင်း ပုဂ္ဂလိက သတင်းစာများသည် လာမည့် ဧပြီ ၁ ရက်နေ့မှစတင်၍ ထုတ်ဝေခွင့် ရခြင်းဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။