သတင်းတို

ထိုင်းတွင် ကားမှောက်၍ မြန်မာ ၁၅ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီမြို့နယ်တွင် မကြာသေးခင် ရက်ပိုင်းက ကားမှောက်မှု ဖြစ်ပွားခဲ့ရာ ကားပေါ်တွင်ပါလာသည့် မြန်မာနိုင်ငံသား ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်း-မလေးရှာနယ်စပ်တွင် တရားမဝင်ဝင်ရောက် မှုနှင့် အဖမ်းခံရပြီး မဲဆောက်နယ်စပ်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် အသွား လမ်းခုလပ်တွင် ကားဘီးပေါက်၍ ယခုလ ၂၀ ရက်နေ့က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေးလီးနယူး အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထား သည်။ ဒဏ်ရာရရှိသူများထဲတွင် အသက် ၆ နှစ်နှင့် ၄ လ အရွယ် ကလေး ၂ ဦး ပါဝင်ပြီး ယင်းဒေသရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Loading