လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအဝင် အကြမ်းဖက်မှု အားလုံးကို အစိုးရက တည်ဆဲ ဥပဒေများနှင့် အညီ အစွမ်းကုန် တားဆီးကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ယနေ့ထုတ်ပြန်သည့် အချက် ၆ ချက်ပါ ကြေညာချက် တွင် အကြမ်းဖက် မှု အဓိကရုဏ်များကြောင့် အိုးအိမ် စွန့်ခဲ့ရသူများ၏ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေး ဆိုင်ရာများကို အပြည့်အ၀ ကူညီသွားမည် ဖြစ်ကြောင်း၊ လိုအပ်သော လူသားချင်းစာနာမှု အကူအညီများအတွက် လူထုအခြေပြု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်နိုင် မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားရန် ပြည်သူများကို တိုက်တွန်းကြောင်းတို့ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။