သတင်းတို

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ခန့်အပ်

This article has been converted from Zawgyi One to Unicode

မြန်မာ-ကနေဒါ ဆက်ဆံရေး ၂၅ နှစ်ကြား အေးစက်နေပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးအဖြစ် မစ္စတာ မာ့ခ် မက်ခ်ဒေါ်ဝဲလ် (Mark McDowell) အား ခန့်အပ်ရန် အတည်ပြုလိုက်ကြောင်း သိရသည်။ မစ္စတာ မာ့ခ် မက်ခ်ဒေါ်ဝဲလ်သည် ၂၀၁၀ ပြည့်နှစ်မှစ၍ ယခုအချိန်အထိ တရုတ်နိုင်ငံရှိ ကနေဒါသံရုံးတွင် ပြည်သူ့ရေးရာ သံတမန်ဆက်ဆံရေးဌာနတွင် သံမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ၎င်းသည် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အင်ဒိုနီးရှားနှင့် ထိုင်းဘာသာစကားများကို ကျွမ်းကျင်တတ်မြောက်သူလည်း ဖြစ်ပြီး ကနေဒါ နိုင်ငံ တိုရန်တို တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ မဟာဘွဲ့များ ရရှိခဲ့ပြီး အမေရိကန်၊ ဟားဗတ် တက္ကသိုလ်မှလည်း နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့သည်။ မစ္စတာ မာ့ခ် မက်ခ်ဒေါ်ဝဲလ်သည် ရန်ကုန်မြို့တွင် မကြာမီ ဖွင့်လှစ်မည့် ကနေဒါနိုင်ငံ သံရုံး၌ ရုံးထိုင်ကာ တာဝန်များ ထမ်းဆောင်မည် ဖြစ်သည်။

Loading