ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသည်ကုန်း၌ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။ မတ်လ ၂၄ ရက်နေ့ညက ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်နှင့် လူနေအိမ်တချို့အား လေးခွ၊ ခဲများနှင့် ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းဆူပူ ဖျက်ဆီးမှုတွင် ဦးဆောင် ပါဝင်သည်ဟု ယူဆရသူ ၅ ဦးကို မင်းလှရဲစခန်းတွင် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။