သတင်းတို

တပ်မတော်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

This article has been converted from Zawgyi One to Unicode

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သည်။ ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ကျင်းပသော ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး အခမ်းအနား သဘာပတိမိန့်ခွန်း ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုအခါတွင် ပြီးပြည့်စုံသော ဒီမိုကရေစီ မရေသေးကြောင်း၊ သို့သော် အကြမ်းမဖက်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံပြီး တည်ဆောက်ရေး စိတ်ဓာတ်နှင့် ရရှိနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်း၊ ပြုပြင်ပြောင်းလဲရန် အခွင့်အရေးကို လက်လွတ်သွားလျှင် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်းလည်း ပြောဆိုထားသည်။

Loading