သတင်းတို

ဇီးကုန်းတွင် ဆူပူဖျက်ဆီးမှုများ ပြုလုပ်နေ

This article has been converted from Zawgyi One to Unicode

ပဲခူးတိုင်း ဇီးကုန်းမြို့ရှိ ဗလီတလုံးနှင့် မွတ်စလင်များ၏ နေအိမ်နှင့် ဈေးဆိုင် ၂၀ ခန့်ကို ယနေ့ နေ့လည် ၂ နာရီခွဲခန့်တွင် လူ ၅၀၀ ခန့်က ထပ်မံ ဖျက်ဆီးကြကြောင်း သိရသည်။ ယင်းဗလီကို ယမန့်နေညက ဖျက်ဆီးသေးသော်လည်း မပြိုပျက်သေးသဖြင့် ထပ်မံ ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း၊ သတင်းသမားများ ဓာတ်ပုံရိုက် သတင်းယူမှုများကို တားမြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရှိသော်လည်း အခြေအနေကို မထိန်းသိမ်းနိုင်ကြောင်းနှင့် ယခုအခါ အင်းမ အခြေစိုက် တပ်မ (၆၆) တပ်ဖွဲ့တချို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ အနီးရှိ ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

Loading