• English
Saturday, September 23, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း Development

          နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

          by ခင်ဦးသာ
          27 March 2013
          in Development
          Reading Time: 1 min read
          A A
          နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

          အလှဆင် မာဘယ်ကျောက် ထွက်ရှိသည့် နေပူတောင် (ဓာတ်ပုံ - arakantimes.net)

          5.6k
          VIEWS
          Share on FacebookShare on Twitter

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ နေပူတောင်မှ အလှဆင် မာဘယ်ကျောက် ထုတ်လုပ်ရန် ပြည်ထောင်စု အစိုးရနှင့် ဗီယက်နမ်နိုင်ငံမှ Simco Song Da Joint Stock Company တို့ အကြား သဘောတူ စာချုပ် ချုပ်ထားသည့် စီမံကိန်းအား ရပ်ဆိုင်းထားရန် ရခိုင်ပြည်နယ် လွှတ်တော်၌ ကန့်ကွက် တောင်းဆိုခဲ့ကြောင်း သိရသည်။

          ထိုစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ ရခိုင်ပြည်သူများနှင့် မြန်မာနိုင်ငံသားများအား ပွင့်လင်းမြင်သာမှုရှိသော သတင်းထုတ်ပြန်မှုများ ဆောင်ရွက်ပြီးမှသာ ဆက်လုပ်သင့်၊ မသင့်ဆုံးဖြတ်၍ စီမံကိန်းကိစ္စ ဆက်လက် အကောင်အထည် ဖော်သင့်ကြောင်း အဆိုတရပ်ကို စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုသီတင်းပတ်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

          RelatedPosts

          မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

          မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

          23 September 2023
          463
          TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

          TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

          23 September 2023
          423
          ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

          ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

          23 September 2023
          135

          “ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြပြီးမှ မလုပ်ဘူးဆိုရင် လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ” ဟု ဦးအောင်မြကျော် က ဧရာဝတီသို့ ပြောသည်။

          နေပူတောင် စီမံကိန်း ရပ်ဆိုင်းထားရေး အဆိုအား မတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ စီးပွားကူးသန်း ဝန်ကြီး ဦးမြအောင်က ပြန်လည်ရှင်း ဖြေဆိုမည်ဖြစ်သည်။

          “စီမံကိန်း ရပ်ဆိုင်းထားရေး အဆိုကို ပြည်နယ်အစိုးရက ကန့်ကွက်မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ မဲခွဲဆုံး ဖြတ်ရမှာပါ။ ပြီးမှပဲ ဘာတွေ ဆက်လုပ်သင့်တယ် ဆိုတာကို အဖြေထွက်လာမှပေါ့” ဟု ဦးအောင်မြကျော်က ပြောသည်။

          နေပူတောင်သည် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမစွန်းတွင် တည်ရှိပြီး ၎င်းမှ မာဘယ်လ် အလှဆင်ကျောက်များအား တနှစ်လျှင် မက်ထရစ်တန်ချိန် ၇၈၅၀ ကို ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၂၀ အထိ ထုတ်ယူမည် ဖြစ်သည်။ ထိုကျောက် အမျိုးအစားသည် မြန်မာနိုင်ငံ၌ ရှားပါးကြောင်း၊ ဦးနေဝင်း အစိုးရ လက်ထက်တွင်လည်း ဂျပန်အစိုးရနှင့် ပူးပေါင်း ထုတ်လုပ်ရန် သဘောတူညီမှုများ ရရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

          ထိုစီမံကိန်း ကိစ္စအား ယခု သီတင်းပတ်တွင် ကျင်းပနေသည့် ပြည်နယ်လွှတ်တော်သို့ ဗဟိုအစိုးရအဖွဲ့မှ တင်ပြလာသည့် ဒေသန္တရ စီမံကိန်း ကဏ္ဍတွင် ပါဝင်လာကြောင်း၊ ထိုစီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ဗီယက်နမ် ကုမ္ပဏီတို့က လုပ်ဆောင်မှုဖြစ်၍ ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့် မရှိဟု ရခိုင်လူမှုအဖွဲ့များက ပြောသည်။

          နေပူတောင် စီမံကိန်း ရပ်ဆိုင်းရေး လွှတ်တော်၌ အဆိုတင်သွင်းသကဲ့သို့ ရခိုင်လူမှုရေး အဖွဲ့အစည်းများကလည်း ဆန္ဒ ထုတ်ဖော် ကန့်ကွက်သွားမည်ဟု ပြောဆိုထားခဲ့ပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတ္တုတွင်း ဝန်ကြီး ဦးအောင်သန်းတင်နှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း တို့သည် ဒေသခံများ၊ လူမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တောင်ကုတ်မြို့၌ ယမန်နေ့က တွေ့ဆုံ၍ နေပူတောင် ကိစ္စကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သူ ရခိုင်လူမှုကွန်ယက်မှ တောင်ကုတ်မြို့ခံ ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။

          ၎င်းက “စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်သေးဘူးလို့ အစိုးရက ပြောနေပေမယ့် ဝန်ထမ်းအိမ်ရာတွေ ဆောက်နေတာတွေ၊ ကားလမ်းတွေ ဖောက်လုပ်နေတာ ကြာပါပြီ။ ကန့်ကွက်သံတွေ ပေါ်လာတော့မှ အစိုးရက ပြည်သူကို အသိပေးတဲ့ သဘောပါ” ဟု ဆိုသည်။

          ပြည်နယ် ဝန်ကြီးများသည် တောင်ကုတ် လူထုတွေ့ဆုံပွဲ၌ အသေးစိတ် ရှင်းလင်းပြောဆိုမှု မရှိခဲ့ဟု သိရပြီး ထိုစီမံကိန်းမှ ဝင်ငွေမည်မျှရမည်၊ ဒေသအကျိုးအတွက် မည်ကဲ့သို့ ဆောင်ရွက်မည် ဆိုသည်ကိုလည်း အစိုးရ အနေဖြင့် တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။

          ပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်က ဧရာဝတီကို ပြောရာတွင် ဗီယက်နမ် ကုမ္ပဏီနှင့် ပြည်ထောင်စု အစိုးရတို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ဗီယက်နမ် ကုမ္ပဏီ အနေဖြင့် နှစ်ပေါင်း ၂၀ အထိ ထုတ်လုပ်ခွင့်ရမည် ဖြစ်ပြီး နှစ် ၂၀ ပြည့်ပြီးပါက တခြား ကုမ္ပဏီများနှင့် ဆက်လက် စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

          “ကျောက်ထုတ်ယူခွင့် ရမယ်ဆိုရင် နိုင်ငံတော်က အမြတ် ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ် ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ရမယ်။ ကုမ္ပဏီရတဲ့ အမြတ် ၅၀ ရာခိုင်နှုန်းထဲကနေ ဒေသခံတွေ အကျိုးအတွက် ၁၀ သို့မဟုတ် ၁၅ ရာခိုင်နှုန်း ခွဲဝေ ဆောင်ရွက်ပေးဖို့ ကုမ္ပဏီက သဘောတူထားတယ်” ဟု ပြည်နယ် သတ္တုတွင်း ဝန်ကြီးက ဆိုသည်။

          ဦးစိုးဝင်းကမူ “ဒေသအကျိုးအတွက်  ဒေသခံတွေ အလုပ်အကိုင်တွေ ရမယ်ပြောတယ်။ အလုပ်အကိုင်တွေရမယ် ဆိုပေမယ့် ကုန်ချောထုတ်မယ့် စက်ရုံတွေ မဆောက်ဘဲ ကုန်ကြမ်းပဲ ထုတ်ယူမယ်ဆိုရင်တော့ ဒေသခံတွေ အားလုံးက ကန့်ကွက်ကြပါတယ်” ဟု ဆိုသည်။

          ပြည်ထောင်စု အစိုးရသည် ထိုစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများအား ယခင်က ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပြင် ပြည်နယ်အစိုးရကလည်း စီမံကိန်းနှင့် ပတ်သက်၍ မည့်သည့် ကိစ္စကိုမှ စတင်လုပ်ဆောင်မှု မရှိသေးကြောင်း ပြည်နယ် ဝန်ကြီး ဦးအောင်သန်းတင် က ပြီးခဲ့သည့် ဖော်ဖေဝါရီလအတွင်း ဧရာဝတီကို ဖြေဆိုခဲ့သေးသည်။

          ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါအဝင် ရခိုင်ဒေသတွင်း လုပ်ဆောင်နေသည့် စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူကို အသိပေးမှု မရှိခြင်းတို့ကြောင့် ကန့်ကွက် ဆန္ဒပြမှုများနှင့် ကြုံလာနိုင်ကြောင်း၊ ရသေ့တောင်နှင့် မောင်တော ဒေသရှိ ပင်လယ်ကမ်းခြေတို့တွင်လည်း အဖိုးတန် တိုက်တေနီယမ် သတ္တုများကို တရုတ်နိုင်ငံက ထုတ်လုပ်ရန် ပြင်ဆင်နေမှု ကိစ္စကိုလည်း ပြည်နယ် အစိုးရမှ ပြည်သူများကို ရှင်းလင်းပြောဆိုမှု မရှိသေး၍ စောင့်ကြည့်နေကြောင်း ရခိုင်အမျိုးသမီးအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်မညိုအေးက ဧရာဝတီသု့ိ ပြောသည်။

          ရခိုင်ဒေသရှိ ရွှေဂက်စ် စီမံကိန်းနှင့် စီမံကိန်းတချို့တွင် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းပေးမည်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည်ဟု အစိုးရက မကြာခဏ ပြောဆိုနေသည့်တိုင် မည်သည့်ကိစ္စကိုမှ လက်တွေ့တွင် အကောင်အထည် ဖော်ပေးခြင်း မရှိ၍ ဒေသခံများအကြား မကျေနပ်မှုများ ကြီးထွားလာနေကြောင်းလည်း လူမှုအဖွဲ့များထံမှ သိရသည်။

          ဧရာဝတီ သတင်းထောက် ငြိမ်းချမ်း ပူးပေါင်း ရေးသားသည်။

          Your Thoughts …
          Tags: Natural ResourcesRakhine State
          ခင်ဦးသာ

          ခင်ဦးသာ

          Senior Reporter

          Similar Picks:

          ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

          ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

          by ကိုဖိုးသား (တောင်ကြီး)
          2 February 2013
          10.1k

          အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

          စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

          စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

          by ရန်ပိုင်
          22 May 2013
          3.4k

          ဒေသဆိုင်ရာ အာဏာပိုင်များဖြင့်သာ နားလည်မှုယူ တူးဖော်နေ သူများဖြစ်ကြောင်း၊ ဒေသခံ များမှာလည်း မြေယာဥပဒေများကို နားမလည်သည့် အတွက် ၎င်းတို့ထံမှ ဈေးပေါပေါဖြင့် ကုမ္ပဏီများက ၀ယ်ယူ တူးဖော်ခြင်းဖြစ်ကြောင်း ကိုဝင်းဆွေက ဆိုသည်။

          ကျောက်မျက်ရတနာ, ကချင်ပြည်နယ်, တရုတ်နိုင်ငံ

          ဖားကန့် ကျောက်စိမ်းများနှင့် အနာဂတ်

          by အင်ဒရူး အာ၊ စီ၊ မာရှယ် နှင့် မင်းဇေယျာဦး
          5 October 2013
          4.2k

          ယခုလိုပုံစံအတိုင်း အရှိန်အဟုန်ဖြင့် ရှာဖွေထုတ်ယူနေမည်ဆိုပါက နောက်ထပ် ၁၀ နှစ်ခန့်ကြာလျှင် ဖားကန့်တွင် ကျောက်စိမ်းများ ကုန်ဆုံးသွားလိမ့်မည်ဟု ဦးယစ်နန်ဇီလွန် ဆိုသည်။

          နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

          နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

          by ခင်ဦးသာ
          27 March 2013
          5.6k


          ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

          ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

          by ကြယ်ပြာ
          29 April 2013
          3.3k

          မတ်လက ပထမဆုံးအကြိမ် ပုပ္ပားတောင် အရှေ့ဘက်ရှိ တောင်ပေါ်တောင်ရွာ အနီး၌ တောမီး လောင်ခဲ့ရာတွင် ၂ ရက်ခွဲခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းလ၌ပင် ၂ ကြိမ် ထပ်မံလောင်ကျွမ်းခဲ့

          တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

          တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

          by မေစစ်ပိုင်
          14 March 2014
          2.8k

          စီမံကိန်းမှ ရရှိလာမည့် အမြတ်ငွေ ၏ ၃၀ ရာခိုင်နှုန်းကို အစိုးရက ရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီက ရရှိမည်ဖြစ်သည်။

          Next Post
          ၆၈ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ လမ်းဖွင့်ပွဲ (ရုပ်/သံ)

          ၆၈ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ လမ်းဖွင့်ပွဲ (ရုပ်/သံ)

          ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

          ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

          Please login to join discussion
          No Result
          View All Result

          Recommended

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          1 week ago
          15.3k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          25.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0
          • ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

            shares
            Share 0 Tweet 0
          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved