အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ Metropolitan Museum of Art ၏ အရှေ့တောင်အာရှဆိုင်ရာ Florence and Herbert Living Curator of the Arts မှ Mr. John Guy နှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူတို့ မတ်လ ၂၆ ရက်နေ့က တွေ့ဆုံရာ၌ အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ၊ ၂၀၁၄ ခုနှစ်တွင် Metropolitan Museum ၌ မြန်မာနိုင်ငံမှ ခရစ်နှစ် ၁ ရာစနှင့် ၉ ရာစု အတွင်း ပေါ်ထွန်းခဲ့သော ဗုဒ္ဓဘာသာဆိုင်ရာ ပစ္စည်းများ၊ အထောက်အထားများ ပြသပွဲ ကိစ္စများ ဆွေးနွေးခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။