ကောလာဟလများကြောင့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ် သံတွဲ ခရိုင်တွင် ခရိုင် အုပ်ချုပ်ရေးမှူး၏ အစီအစဉ်နှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် ဖွဲ့စည်းကာ ယမန်နေ့မှ လုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ကောလာဟလများ တိုက်ဖျက်ရေးနှင့် သတင်းမှန် ဖြန့်ချိရေး အဖွဲ့ဝင်များ အနေဖြင့် နံနက်နှင့် ည ၂ ဆိုင်းခွဲကာ ၂၄ နာရီလုံး မြို့နယ်တွင်းနှင့် ကျေးရွာများ အထိပါ ဆက်သွယ်ကာ ကောလာဟာလ ပပျောက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု နိုင်ငံရေးပါတီတခုမှ အဖွဲ့ဝင်တဦးကို ကိုးကားကာ ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။