ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကြို့ပင်ကောက်မြို့ပေါ်ရှိ အစ္စလမ် ဘာသာဝင်တို့၏ နေအိမ် ၂ လုံးကို ယမန်နေ့ညပိုင်းက ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပြီး ယင်းဖျက်ဆီးမှုကို ဒေသခံ ဘုန်းကြီးအချို့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြို့ပင်ကောက်မြို့သို့ ရောက်ရှိနေသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။ ယင်း ဖျက်ဆီးခံရမှုကို ဒေသခံအာဏာပိုင်က အရေးယူခြင်း မပြုဘဲ သက်ဆိုင်ရာ ကျောင်းတိုက်သို့ ပြန်လည် အပ်နှံခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်း အတွင်းတွင် ဖြစ်ပွားသော ဆူပူ အကြမ်းဖက်မှုများမှာ သွေးရိုးသားရိုး မဟုတ်ဘဲ လှုံ့ဆော်သူများ သွေးထိုးမှု များကြောင့် ဖြစ်သည်ဟု ယူဆရမည့် အချက်များ ရှိနေကြောင်း ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။