သတင်းတို
ရန်ကုန်တွင် တက္ကစီခနှုန်း မီတာဖြင့် တပြေးညီ သတ်မှတ်မည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော တက္ကစီ အငှားယာဉ်များကို ယာဉ်စီးခနှုန်းထားများ မီတာဖြင့် တပြေးညီ သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ သတ်မှတ်ရာတွင် CNG, ဓာတ်ဆီ သုံးယာဉ်ဟူ၍ ခွဲခြား မသတ်မှတ်ဘဲ တမျိုးတည်း တပြေးညီ သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ ဧပြီလမှ စ၍ မထသမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့တွင် တက္ကဆီ စီးရေ နှစ်သောင်းခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။