သတင်းတို

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စုများ မြန်မာဘက် ဆက်လက် ကူးပြောင်း

This article has been converted from Zawgyi One to Unicode

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရန်ဂါမတီမြို့နယ်နှင့် ဘန်တရိုမြို့နယ်များမှ ရခိုင်မျိုးနွယ်စုဝင် မိသားစု ၁၆ စုသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့ အခြေစိုက်ကြကြောင်း သိရသည်။ ရန်ဂါမတီမြို့နယ် မူတီရာမှ မိသားစု ၅ စုနှင့် ပိန္နဲတောင်မှ မိသားစု ၅ စု၊ ဘန်တရိုမြို့နယ် ကျောက်တန်းရွာမှ မိသားစု ၆ စုတို့ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မင်္ဂလာ နတလ စံပြကျေးရွာတွင် နေရာချထားပေးကြောင်း မောင်တောမြို့မှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ရခိုင်မျိုးနွယ်စုများ ဖြစ်သော ဒိုင်းနက်၊ မြို၊ ခမီစသည့် လူမျိုးများသည် စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံရေး စိုးရိမ်မှုများကြောင့် မြန်မာနိုင်ငံသို့ ယခုနှစ်ဆန်းမှ စတင်ပြောင်းရွှေ့ ဝင်ရောက်လာကြရာ ၃ လအတွင်း တိုင်းရင်းသား မိသားစုပေါင်း ၂၅၀ ကျော် ကူးပြောင်းလာခဲ့ကြောင်း သိရသည်။ မြန်မာ အစိုးရက ပြောင်းရွှေ့ဝင်ရောက်လာသူများကို လယ်၊ အိမ်၊ ခြံ၊ နွားနှင့် အစားအသောက်များ ပံ့ပိုးပေးကြောင်း သိရှိရသည်။

Loading