နှစ်ပေါင်း ၆၀ ကျော်အကြာတွင် ပထမဆုံး အကြိမ်အဖြစ် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ ယနေ့မှ စတင်ကာ ၂ ရက်ကြာ ကျင်းပသည့် ကရင်ရေးရာ အစည်းအဝေးသို့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။ ယင်း အစည်းအဝေးကို မြန်မာနိုင်ငံအတွင်းရှိ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင် ကရင်နိုင်ငံရေး ပါတီများ၊ အစိုးရ မဟုတ်သော ကရင်အဖွဲ့ အစည်းများ၊ ကရင်မျိုးနွယ်စုများနှင့် ကရင်အမျိုးသား အရေး ဆောင်ရွက်နေကြသည့် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။ ကရင်ရေးရာ အစည်းအဝေး ကျင်းပရေး အဖွဲ့ဝင်တဦးက မြန်မာနိုင်ငံအတွင်းရှိ ကရင်အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် တခြားသော တိုင်းရင်သား လူမျိုးများနှင့် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကရင်ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးဇော်မင်း တို့ကလည်း ကရင်အမျိုးသားများ စည်းလုံးစွာ အတူတကွ နေထိုင်ခြင်းကို ဖြစ်စေချင်သည့် ဆန္ဒဖြင့် ယခု အစည်းအဝေးကြီးကို ဖြစ်မြောက်စေရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ပြောကြားသည်ဟု သိရသည်။ ကရင်ရေးရာ အစည်းအဝေးတွင် ကရင်အမျိုးသား လူထုကြား ကွဲပြားခြားနားနေသည့် မတူညီသောအမြင် သဘောထားများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ အစည်းအဝေးကြီး အပြီးတွင် ကရင်အမျိုးသားများ၏ အနာဂတ်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။