သတင်းတို

ဘင်္ဂလားဒေ့ရှ် ရဲ ၃ ဦးနှင့် အရပ်သား ၄ ဦးကို မြန်မာက ပြန်လွှတ်ပေး

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ပိုင်နက်ထဲသို့ တရားမဝင် ကျူးကျော် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ် ရဲ ၃ ဦးနှင့် အရပ်သား ၄ ဦးကို မြန်မာအာဏာပိုင်များက မတ်လ ၃၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ ၎င်းတို့ကို နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်များ ဆွေးနွေးအပြီး လွှတ်ပေးလိုက် ခြင်းဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ တာ့ခ်နာအခြေစိုက် နယ်ခြားစောင့်တပ်မှ လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။

Loading