အစိုးရ ဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်နှင့် လုပ်ခများကို ၂ သောင်းကျပ် ထပ်မံ တိုးမြှင့်ပေးလိုက်ပြီး ဧပြီလမှ စတင်ခံစားခွင့် ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်ပြီ။ တနေ့ ၈ နာရီလုပ်ခကို ၁၁၀၀ ကျပ်မှ ၁၇၀၀ ကျပ်သို့ တိုးမြှင့် သတ်မှတ်ကြောင်း၊ ပင်စင်စားများ၊ နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ တိုးမြှင် ခံစားခွင့် ပြုကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။