သတင်းတို

သူဌေးကြီး ဂျော့စ် ဆိုရော့စ်နှင့် ၈၈ ကျောင်းသားများ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

Open Society Institute မှ အမေရိကန် ဘီလျံနာ သူဌေးကြီး မစ္စတာ ဂျော့စ် ဆိုရော့စ်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံ ဆွေးနွေးကြကြောင်း၊ ၈၈ အဖွဲ့မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ပါဝင်ပြီး အချိန် ၂ နာရီကြာ ဆွေးနွေးကြကြောင်း သိရသည်။ မစ္စတာ ဂျော့စ် ဆိုရော့စ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့အထိ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Loading