• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂ္ဂလိက သတင်းစာများ ဖြန့်ချိသည်နှင့် အရောင်းသွက်

by ထက်နိုင်ဇော်
1 April 2013
in သတင်း
A A
ပုဂ္ဂလိက သတင်းစာများ ဖြန့်ချိသည်နှင့် အရောင်းသွက်

ယနေ့ထုတ် ပုဂ္ဂလိက သတင်းစ ာဖတ်နေသူ တစ်ဦး (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

5.6k
VIEWS
Share on FacebookShare on Twitter

ယနေ့ စတင်ဖြန့်ချသော နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများမှာ ဈေးကွက်အတွင်း ရောင်းအား ကောင်းမွန်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဂျာနယ် အရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

နှစ်ပေါင်း ၅၀ အတွင်း နေ့စဉ်ထုတ် သတင်းစာကို အစိုးရကသာ ချုပ်ကိုင်ထားခဲ့ရာမှ ယနေ့တွင် ပထမဦးဆုံးအကြိမ် ပုဂ္ဂလိက သတင်းစာများအဖြစ် စတင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
2
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
12
ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

16 June 2025
142

The Voice၊ ရွှေနိုင်ငံသစ်၊ စံတော်ချိန်နှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာ ၄ စောင်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဈေးကွက်တွင် စတင်ဖြန့်ချိရာ ရောင်းကောင်းကြောင်း ရန်ကုန်မြို့ လမ်း ၃၀ ရှိ သီတာ၊ နီလာ ဂျာနယ် ဖြန့်ချိရေး လုပ်ငန်းမှ တာဝန်ခံတစ်ဦးက ဧရာဝတီသို့ ပြောသည်။

“သတင်းစာက တော်တော်ရောင်းရတယ်။ တစောင်ဆိုရင် စောင်ရေ ၂၀၀၀ ယူတာ မလောက်ဘူး၊ မနက်ဖြန် ၃၀၀၀ တိုးယူမယ်” ဟု တာဝန်ခံ အမျိုးသမီးက ဆိုသည်။

The Voice နှင့် ရွှေနိုင်ငံ သတင်းစာမှာ တိုက်ထုတ်ဈေး ကျပ် ၁၀၀ ဖြစ်ပြီး စံတော်ချိန်နှင့် ပြည်ထောင်စု နေ့စဉ်သတင်းစာမှာ အခမဲ့ ဖြန့်ချိလျှက်ရှိကြောင်း မြို့ထဲရှိ ဂျာနယ် အရောင်းဆိုင်များက ပြောသည်။

“ရောင်းရတယ်။ စောင်ရေ ၅၀ တင်တာ မလောက်ဘူး။ မနက်ဖြန်တော့ တိုးယူမယ်” ဟု ၂၉ လမ်းထိပ်ရှိ ဂျာနယ် အရောင်းဆိုင်မှ မယဉ်ယဉ်ဌေးက ပြောသည်။

ထွက်ရှိလာသော ပုဂ္ဂလိက သတင်းစာများ၏ အရည်အသွေးမှာ နိုင်ငံတကာအဆင့် မရှိသေးသော်လည်း ဒေသတွင်း နိုင်ငံများနှင့်မူ ယှဉ်ပြိုင်နိုင်သော အခြေအနေရှိကြောင်း The Voice သတင်းစာမှ သတင်းထောက်ချုပ် ကိုနိုင်မင်းဝေက ပြောသည်။

“စာရွက်တွေ ဘာတွေလည်းမဆိုးဘူး။ သတင်းရော၊ အပြင်အဆင်လေးရော သူ့ဟာနဲ့ သူတော့ ကြိုးစားထား ကြတယ်။ နှစ် ၅၀ လောက် နောက်ကျ ကျန်ခဲ့တဲ့ အခြေအနေမှာ ဒီလောက်လုပ်နိုင်တာ မဆိုးဘူး ပြောရမယ်” ဟု သူက ဆိုသည်။

သတင်းစာတစောင်လျှင် ၁၅၀၊ ၂၀၀ ကျပ်နှုန်းဖြင့် ဂျာနယ် လက်လီဆိုင်များက ရောင်းချလျက်ရှိပြီး နေ့စဉ်ထုတ် သတင်းစာများ ထွက်ရှိလာသော်လည်း အပတ်စဉ်ထုတ် ဂျာနယ်များလည်း ပုံမှန်ထုတ်ဝေသွားမည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ အသိုင်းအဝိုင်းမှ သိရသည်။

ပြည်ထောင်စုနေ့စဉ် သတင်းစာကို ယနေ့မှစ၍ ဧပြီ ၁၀ ရက်နေ့အထိ အခမဲ့ ဖြန့်ချိသွားမည် ဖြစ်ပြီး ရန်ကုန်တွင် စောင်ရေ ၂၀၀၀၀၊ မန္တလေးတွင် ၁၀၀၀၀ နှင့် နေပြည်တော်တွင် ၅၀၀၀ စီ ဖြန့်ချိလျက်ရှိကြောင်း၊ ဧပြီလ ၁၁ရက်နေ့မှ စတင်ကာ တစ်စောင် ၁၀၀ ကျပ်ဖြင့် ယခုစောင်ရေအတိုင်း ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ယင်းသတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင် (သီဟအောင်) က ဧရာဝတီသို့ ပြောသည်။

သတင်းစာဆရာ တဦးဖြစ်သူ ဦးမြင့်ကျော်ကမူ နေ့စဉ်ထုတ် သတင်းစာအမည် တပ်ထားသော် ယနေ့ ဖြန့်ချိလိုက်သည့် သတင်းစာများ၏ အပြင်အဆင်မှာ ဂျာနယ်နှင့်သာ ပိုတူကြောင်း၊ ဈေးနှုန်းမှာလည်း ဈေးကွက်ထဲတွင် တစောင် ၂၀၀ ကျပ် ဖြစ်နေသောကြောင့် ဈေးချိုသည်ဟု မပြောနိုင်ကြောင်း သုံးသပ်သည်။

နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများကြောင့် အပတ်စဉ်ထုတ်ဂျာနယ်များ ဈေးကွက်ထိခိုက်မှု ရှိမရှိမှာ ပြောရန် အချိန် စောသေးကြောင်း၊ ဈေးနှုန်းအရလည်း ကျပ် ၂၀၀ ရာ ဝန်းကျင် ဖြစ်နေသောကြောင့် အစိုးရ သတင်းစာ တစောင်ကျပ် ၁ ရာ ဈေးနှုန်းကို မယှဉ်နိုင်သေးကြောင်း၊ ဂျာနယ်များမှာလည်း သူ့လိုင်းနှင့်သူ ပုံမှန် အရောင်းအဝယ်ရှိကြောင်း ရန်ကုန်မြို့ရှိ ဂျာနယ် အရောင်းဆိုင်တချို့ထံမှ သိရသည်။

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၄ စောင်အနက်The Voice Daily နှင့် ပြည်ထောင်စုနေ့စဉ် နှစ်စောင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စု နေ့စဉ်သတင်းစာကို အခမဲ့ ဖြန့်ဝေ၍ The Voice Daily သတင်းစာမှာ စောင်ရေ ၁၃၀၀ ရောင်းခဲ့ရကြောင်း၊ ကျန် သတင်းစာနှစ်စောင်မှာ မွန်းလွဲပိုင်း အထိ ရောက်ရှိမလာသေးကြောင်း မန္တလေး ထွန်းဦးစာပေမှ ကိုထွန်းဦးက ပြောသည်။

The Daily Eleven၊ စံတော်ချိန်၊ ခေတ်သစ် နေ့စဉ်၊ The Yangon Times၊ မြန်မာဓိက၊ ဒီလှိုင်း ၊ ပြည်ထောင်စုအသံ၊ ၇ ရက်နေ့စဉ် စသည့် အမည်များဖြင့် ပုဂ္ဂလိက နေ့စဉ် သတင်းစာ ၈ စောင်ကို ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့မှ စိစစ် ခွင့်ပြုထားပြီးဖြစ်၍ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း
ပုဂ္ဂလိက သတင်းစာ ၈ စောင် ခွင့်ပြုပြီးဖြစ်ရာ စုစုပေါင်း နေ့စဉ်သတင်းစာ ၁၆ စောင် ရှိပြီ ဖြစ်သည်။

Your Thoughts …
Tags: Newspaper
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

မြန်မာသတင်းစာများ ရှင်ပြန်ထမြောက်ခြင်း

မြန်မာသတင်းစာများ ရှင်ပြန်ထမြောက်ခြင်း

by သစ္စာနီ
15 May 2013
4.9k

ကြားသိရသလောက် အရှုံးခံကာ စတင်ထုတ်ဝေနေခြင်း ဖြစ်သည်။ တရက်ကို ၇ သိန်း အရှုံးခံ ထုတ်ဝေကြရသည်။ ထုတ်ဝေသူ တဦးကမူ ပထမနှစ်အတွက် ဒေါ်လာ တသန်း အရှုံးခံမည်ဟု ဆိုသည်။ ကြီးမားသော စွန့်စားမှု ဖြစ်သည်။

တာဝန်ကျေတဲ့ ကာတွန်းဆရာ

တာဝန်ကျေတဲ့ ကာတွန်းဆရာ

by ဆူးငှက်
22 June 2013
4.1k

ထရံခတ်၊ သံကြိုးချိတ်၊ အုပ်စုစိတ်နဲ့ နေတာ ကာတွန်းဆရာမှ မဟုတ်ဘဲ၊ လူတွင်ကျယ်လုပ်၊ နေရာယူ၊ စာဖတ်သူ ဝေဒနာကို ဥပက္ခာပြုနိုင်သူဟာ ကာတွန်းဆရာမှ မဟုတ်ဘဲ ...

အများသိစေရန် ကြေညာချက်များ ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်းမှု တရားဝင်ဟုဆို

အများသိစေရန် ကြေညာချက်များ ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်းမှု တရားဝင်ဟုဆို

by စနေလင်း
4 May 2013
7.4k

အစိုးရ သတင်းစာမှာ ထည့်တာတောင်မှ တကယ်တမ်း ပြန်ကြည့်ရင် လူသိပ်သိတာမှ မဟုတ်တာ။ ဥပဒေ သဘောအရပဲ အတည်ဖြစ်အောင် လုပ်ကြတာ

ဧရာဝတီမဂ္ဂဇင်း မြန်မာပြည်တွင် စရောင်းပြီ

ဧရာဝတီမဂ္ဂဇင်း မြန်မာပြည်တွင် စရောင်းပြီ

by ဧရာဝတီ
6 May 2013
4.6k

ရန်ကုန်ရှိ တော်ဝင် စင်တာTab Book စာအုပ်ဆိုင်၊ ပန်းဆိုးတန်းလမ်းရှိ အင်းဝ စာပေတိုက်၊ စာပေလောက ၅ တို့တွင်လည်းကောင်း၊ မန္တလေးရှိ ညိုစာပေ၊ ရာပြည့် စာပေ၊ အင်းဝ စာပေတိုက်တို့တွင်လည်းကောင်း ၀ယ်ယူနိုင်ပြီ

မြန်မာ့အလင်း, တိုင်းရင်းသား ဘာသာ

မြန်မာ့အလင်း သတင်းစာ တိုင်းရင်းသား ဘာသာ စာမျက်နှာသစ် စတင် ထုတ်ဝေတော့မည်

by အဆောင်းဝီ
31 July 2014
3.5k

အစိုးရ နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာတွင် မွန် နှင့် ကရင် ပြည်နယ်များ၌ ဒေသန္တရ တိုင်းရင်းသား ဘာသာ စာပေ တိုးချဲ့ စာမျက်နှာသစ်ကို သြဂုတ် ၁ ရက်မှ စတင်ပြီး ထည့်သွင်း ထုတ်ဝေသွားရန်...

Next Post
၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

ပြည်နယ် ၄ ခုမှ ပါတီများ အမြင်ဖလှယ်မည်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.2k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate