သတင်းတို

ပြည်နယ် ၄ ခုမှ ပါတီများ အမြင်ဖလှယ်မည်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားပါတီ ၁၀ ပါတီနှင့် အရပ်ဖက် လူ့အဖွဲ့အစည်း ၈ ခုတို့ တက်ရောက်မည့် ဆွေးနွေးပွဲကို ဗေဒါ နိုင်ငံရေးသင်တန်းကျောင်းမှ ကမကထပြု ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲ အကြိုပြင်ဆင်မှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ YMCA ခန်းမတွင် မနက်ဖြန်မှစ၍ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ဗေဒါနိုင်ငံရေး သင်တန်းကျောင်းမှ ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

Loading