ဂျပန်အခြေစိုက် NHK သတင်းဌာနသည် ယမန်နေ့မှ စတင်၍ ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်ကြောင်း သိရသည်။ တခြား ဂျပန် သတင်းဌာနတခုဖြစ်သော Kyodo News သတင်းဌာနကိုလည်း မြန်မာပြည်တွင် ရုံးခွဲဖွင့်လှစ်ခွင့်ပြုရန် မြန်မာစိုးရက စိစစ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့က အမေရိကန် အခြေစိုက် AP သတင်းဌာနလည်း ရန်ကုန်တွင် ရုံးခွဲစတင် ဖွင့်လှစ်သည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။