ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဆော်ဒီကီးရား ရေကျော်ဗလီတွင် ၁၃ ဦး သေဆုံးခဲ့သော မီးလောင်မှုသည် မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၃ နာရီအချိန်တွင် အဆိုပါဗလီ၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဗလီတွင် ကျမ်းစာသင် ကျောင်းသားဦးရေ ၇၀ ခန့် ရှိကြောင်း၊ သေဆုံးသူ ယောက်ျားလေး ၁၃ ဦးဖြစ်ပြီး ပျောက်ဆုံးသူ ၄ ဦးကို အသက်ရှင်လျက် ပြန်လည် ရှာတွေ့ပြီဖြစ်ကြောင်း သိရသည်။ မီးလောင်ဒဏ်ရာဖြင့် သေဆုံးသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ပြီး စစ်ဆေးလျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။